Monday, November 11, 2013

(၂၃) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း) များသေနတ်ပစ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ပွဲခဲ့သည့် အာဆီယံနိုင်ငံ တပ်မတော်များမှ ပြိုင်ပွဲဝင်အသင်းများ ပြန်လည်ထွက်ခွာ



မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၃) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ပွဲခဲ့သည့် ဘရူနိုင်းနိုင်ငံ သေနတ်ပစ် အသင်းမှ အသင်းအုပ်ချုပ်သူ Lt Col Abidin Bin Haji Timbang ခေါင်းဆောင်သော သေနတ်ပစ်အသင်း၊ ဖိလစ်ပိုင်နိုင်ငံမှ အသင်းအုပ်ချုပ်သူ Lieutenant Colonel Palmar M Parungao ဦးဆောင်သော သေနတ်ပစ်အသင်း၊ မလေးရှားနိုင်ငံမှ အသင်းအုပ်ချုပ်သူ Lieutenant Colonel Aminullah Bin Hj Omar ခေါင်းဆောင်သော သေနတ်ပစ်အသင်း၊ စင်္ကာပူနိုင်ငံမှ အသင်းအုပ်ချုပ်သူ Lieutenant Colonel Peter Chee ခေါင်းဆောင်သော သေနတ်ပစ်သမားနှင့် ထိုင်းနိုင်ငံ သေနတ်ပစ်အသင်းမှ အသင်းအုပ်ချုပ်သူ Colonel Wanchat ခေါင်းဆောင်သော ပြိုင်ပွဲဝင် သေနတ်ပစ်အသင်းတို့သည် နိုဝင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းများတွင် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ မန္တလေးတပ်နယ်မှ ဗိုလ်မှူးကြီး တင်မောင်ညွန့်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြပါသည်။ အလားတူ ကမ္ဘောဒီးယားနိုင်ငံ သေနတ်ပစ်အသင်းမှ အသင်းအုပ်ချုပ်သူ Lt Conel Khiev Virac ခေါင်းဆောင်သော  သေနတ်ပစ်အသင်းနှင့် ဗီယက်နမ်နိုင်ငံမှ အသင်းအုပ်ချုပ်သူ Senior Colonel Tran Van Trieu ခေါင်းဆောင်သော သေနတ်ပစ်အသင်းတို့သည် လေကြောင်းခရီးစဉ်များဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ တာဝန်ရှိသူများက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment