ပဲခူးတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးဥာဏ်ဝင်းနှင့်ဇနီးဒေါ်မြင့်မြင့်စိုးတို့သည် နိုဝင်ဘာလ (၁၁) ရက်နေ့
နံနက်က ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပသော ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ
ကြီးမှူးကျင်းပသည့် စုပေါင်းမဟာဘုံကထိန် လှူဒါန်းပွဲသို့ တက်ရောက်ကြသည်။ ယင်းနောက်
ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာန နာယက ဆရာတော်ထံမှ ကထိန် အနုမောဒနာ တရားတော်အား နာကြားပြီး
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တက်ရောက်လာသူများမှ ကထိန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး
လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း
သိရပါသည်။
No comments:
Post a Comment