မြန်မာနိုင်ငံရဲ့
ပညာရေးအခြေအနေဟာ ပြည့်စုံလုံလောက်မှုမရှိဘူးလို့ ယူဆခဲ့တာကြောင့် နိုင်ငံတော်အစိုးရသစ်အနေနဲ့
နိုင်ငံ့တာဝန်ကို စတင်ထမ်းဆောင်တဲ့အချိန်ကစပြီး ပညာရေး ပြုပြင်ပြောင်းလဲမှုတွေကိုပြုလုပ်ဖို့
နည်းလမ်းရှာခဲ့ပါသည်။ နိုင်ငံတော်သမ္မတကြီးက ပညာရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြီး ပညာရှင်များရဲ့
အကြံဥာဏ်အတိုင်း အဖြေရှာဆောင်ရွက်သွားဖို့ မိန့်ကြားခဲ့ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယသမ္မတဒေါက်တာစိုင်းမောက်လမ်းက ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ နိုဝင်ဘာလ(၁၂)ရက်နေ့
နံနက် (၉) နာရီတွင် ကျင်းပသည့် ပညာရေးမြှင့်တင်မှု အကောင်အထည် ဖော်ရေးကော်မတီ၊ အထူးလုပ်ငန်းအဖွဲ့၊
အကြံပေးအဖွဲ့၊ လုပ်ငန်းအဖွဲ့ဝင်များ တွေ့ဆုံပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။
No comments:
Post a Comment