မွေးမြူရေး၊ ရေလုပ်ငန်းနှင့်
ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် နိုဝင်ဘာလ
(၁၁) ရက် နေ့လည် (၃) နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သာဂရကျေးရွာသို့
ရောက်ရှိပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ရေကြီးနစ်မြုပ်၍ ဆုံးရှုံးမှုများ ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့်
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် သောက်သုံးရေရရှိရေး၊ မွေးမြူရေး ဒေသမီးလင်းရေး၊ လမ်း၊
တံတား၊ အဆောက်အဦများ ပြုပြင်တည်ဆောက်ရေး၊ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးရေးတို့အတွက်
တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
No comments:
Post a Comment