Monday, November 11, 2013

မြန်မာကြက်တောင် အားကစား ပူးပေါင်းလေ့ကျင့်ရေး အဖွဲ့ မလေးရှားမှ ပြန်လည် ရောက်ရှိ


(၂၈.၁၀.၂၀၁၃) ရက်နေ့မှ (၁၁.၁၁.၂၀၁၃) ရက်နေ့ထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် မလေးရှားလက်ရွေးစင် ကြက်တောင်အသင်းနှင့် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် လက်ရွေးစင် အားကစားအဖွဲ့မှ အတွင်းရေးမှူး ဦးရော်ဘင်တင် ဦးစီးသော အုပ်ချုပ် (၁) ဦး၊ နည်းပြ (၁) ဦး အားကစားသမား အမျိုးသား (၁၀) ဦး၊ အမျိုးသမီး (၈) ဦးတို့သည် နိုဝင်ဘာလ (၁၁) ရက်နေ့ နံနက် (၁၁) နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်ဆွေ၊ ဒုတိယ ဥက္ကဌ ဦးသိန်းဌေးနှင့် တာဝန်ရှိသူများအား ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

No comments:

Post a Comment