အီတလီနိုင်ငံ
ရောမမြို့သို့ ရောက်ရှိနေတဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အီတလီဝန်ကြီးချုပ်
Enrico Letta နှင့် မနေ့က တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ နေတန်ရာဟုဟာ အီရန်အပေါ် အရေးယူပိတ်ဆို့မှု
ဖြေလျော့ပေးဖို့အတွက် အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို ကန့်သတ်ရန် နိုဝင်ဘာလ (၂၄) ရက်နေ့က
အီရန်နဲ့ အင်အားကြီးနိုင်ငံများ အကြား သဘောတူညီချက်ကို သဘောထားကွဲလွဲခဲ့ပြီး နောက်ထပ်ဆွေးနွေးရန်
မျှော်လင့်ခဲ့ပါသည်။ အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတို့အကြား ကြားဖြတ်သဘော တူညီမှုကို
အီရန်ထိပ်တန်း ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက ထောက်ခံလျက် ရှိပါသည်။ အီရန် နျူကလီးယားအစီအစဉ်နှင့်
ပတ်သက်တဲ့ သဘောတူညီမှုကို စတင်ဆောင်ရွက်ရန် ကမ္ဘာ့အင်အားကြီးနိုင်ငံ များနှင့် အီရန်ကိုယ်စားလှယ်များရဲ့
ဆွေးနွေးပွဲကိုလာမည့် သီတင်းပတ်မှာ တွေ့ဆုံဆွေးနွေးသွားဖွယ် ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment