အမေရိကန် စစ်အကျဉ်းစခန်းမှ
ပါကစ္စတန် နိုင်ငံသား (၆) ဦးအား လွှတ်ပေးခဲ့ပြီဖြစ်ပြီး ၄င်းတို့အား ဘာကြောင့် ထောင်ထဲမှာ
ထားရတယ်ဆိုတာ ရှင်းပြဖို့နဲ့ လွတ်လပ်ခွင့်ပေးဖို့ ၄င်းတို့ရဲ့ မိသားစုဝင်များနဲ့ ရှေ့နေများက
အစိုးရအား ဒီဇင်ဘာ (၂) ရက်နေ့က တောင်းဆိုခဲ့ပါသည်။ ၄င်းတို့ (၆) ဦးဟာ တာလီဘန်တို့နဲ့
ဆက်နွယ်တယ်ဆိုတဲ့ သံသယရှိမှုဖြင့် အာဖဂန် အိမ်နီချင်းနိုင်ငံမှာ အမေရိကန် တာဝန်ရှိသူများက
ဖမ်းဆီးခဲ့တာ ဖြစ်ပေမဲ့ အရေးယူခြင်း မရှိဘဲ ဘာဂရမ် အကျဉ်းထောင်မှ နိုဝင်ဘာလ (၁၆) ရက်နေ့က
လွှတ်ပေးခဲ့တာ ဖြစ်ပါသည်။ ၄င်းတို့အား ပါကစ္စတန်နိုင်ငံသို့ ပြန်ပို့ပြီး အဲ့ဒီအချိန်ကတည်းက
ပါကစ္စတန် အနောက်မြောက်ပိုင်း ပတ်ရှဝါရှိ အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတာ ဖြစ်ပါသည်။
No comments:
Post a Comment