ပါကစ္စတန်နိုင်ငံ
ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကရာချီ ရုပ်မြင်သံကြားဌာနရဲ့ အပြင်ဘက်တွင် ပစ်ခတ်တိုက်ခိုက်မှုများ
ဖြစ်ပွားခဲ့ရာ လူ (၃) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။ ၄င်းရုံးအတွင်း
လူအများ အလုပ်များ နေချိန်တွင် အပြင်ဘက်မှ နေ၍ ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါသည်။ အဆိုပါ
တိုက်ခိုက်မှုကြောင့် ကားဝင်းလည်း ပျက်စီးခဲ့ရပါသည်။ အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး
မည်သည့်အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ် ဆိုတာကို မသိရှိရသေးကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ
ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။ ပြီးခဲ့တဲ့ သြဂုတ်လကလည်း ၄င်းရုံးရဲ့
အပြင်ဘက်မှ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လူ (၂) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment