Wednesday, January 8, 2014

ချင်ပန်ဇီမျောက်ဟာ လူသားများကဲ့သို့ပင် မိတ်ဆွေရွေးချယ်ရာမှာ ပင်ကိုယ်ဗီဇနဲ့ အကျင့်စရိုက်ကို ကြည့်ကာရွေးချယ်

လူသားရဲ့ ပရိုင်းမိတ်ဖြစ်တဲ့ ချင်ပန်ဇီမျောက်ဟာ  မတ်တပ်ရပ်နိုင်ခြင်း၊ မျက်နှာအမူအရာဖြင့် ဆက်သွယ်ခြင်း၊ လက်နက်ကိရိယာ အသုံးပြုခြင်းအစရှိတဲ့ လူသားများနဲ့ တူညီတဲ့ အချက်များရှိကြောင်း သိရပါသည်။ ယခုအခါမှာတော့ ဥရောပ သုတေသီများဟာ လူသားများကဲ့သို့ပင် မိတ်ဆွေရွေးချယ်ရာမှာ ပင်ကိုယ်ဗီဇနဲ့ အကျင့်စရိုက်ကို ကြည့်ကာရွေးချယ် တတ်ကြောင်း သက်သေပြနိုင်ခဲ့ပါသည်။ ဗီယင်နာတက္ကသိုလ်မှ ဂျော့ဂ်မာဘန်နဲ့ ဇူရစ်ခ်ျတက္ကသိုလ်မှ ဆွန်ဂျာ ကော့စကီးတို့ကတော့ ချင်ပန်ဇီ မျောက်များဟာ မိမိတို့နဲ့ အသွင်ဆင်တူတဲ့ မိတ်ဆွေကို ရွေးချယ်လေ့ရှိသလို လူသားများရဲ့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်စဉ်ဟာ လွန်ခဲ့သော နှစ် (၆) သန်းက ဆင့်ကဲ ပြောင်းလဲကာ ဆက်ခံလာတဲ့ အမူအကျင့်လည်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 

No comments:

Post a Comment