တရုတ်နိုင်ငံ
ဟောင်ကောင် ဒေသမှ ဆူရှီစားဖိုမှူး (၁၀၀) ကျော်ဟာ (၃၇.၅၇) စတုရန်း မီတာ ရှိတဲ့ ဆူရှီကို
ပြုလုပ်နိုင်ခဲ့ပြီး ဂင်နစ်မှတ်တမ်း ၀င်ခဲ့ပါသည်။
ကမ္ဘာ့အကြီးဆုံး အဲဒီဆူရှီကြီးကို ဆဲလ်မွန်ငါး၊ တူနာငါး၊ အခြားအမယ်ပေါင်း (၈)
မျိုးကျော် ထည့်သွင်းပြုလုပ်ထားပြီး မှန်ကူကွက်ပုံ အစိတ်အပိုင်း (၂၀၆၄၇) ရအောင်ပိုင်းဖြတ်
ပြင်ဆင်ပါသည်။ (၂၀၁၃) ခုနှစ်ကလည်း နော်ဝေ ကုမ္ပဏီတစ်ခုမှ (၃၁.၅၉) စတုရန်းမီတာရှိတဲ့ ဆူရှီကို ပြုလုပ်ကာ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းဝင်ခဲ့ကြောင်း
သိရပါသည်။ ၄င်းဆူရှီကို လတ်ဆတ်စေရန် အတွက် ရေခဲမှတ်အောက် (၄) ဒီဂရီ ဆဲဆီးယပ်စ်ရှိတဲ့ ကွင်းပြင်မှာ ထားရှိကာ ဟောင်ကောင် အခြေစိုက် ဂျပန်
အစားအစာ ထုတ်လုပ်ရေး ကုမ္ပဏီရဲ့ (၁၀) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ထားရှိသွားမှာ ဖြစ်ပြီး
ပြည်သူများ အခမဲ့ စားသုံးနိုင်ပြီး အိမ်မဲ့ယာမဲ့ စောင့်ရှောက်ရေးကော်မတီသို့ ၄င်းဆူရှီများကို
ထုတ်ပိုးဝေငှပေးသွားမှာ ဖြစ်ကြောင်း သိရပါသည်။
No comments:
Post a Comment