မြန်မာနိုင်ငံ၏ ပို့ကုန်တွေထဲမှာ သဘာဝဓါတ်ငွေ့က နှစ်တွေတော်တော်ကြာသည်အထိ အဓိကပို့ကုန်အဖြစ်
ဆက်လက်ရပ်တည်နေအုံးမှာဖြစ်ပါသည်။ အဲဒီအတွက်ကြောင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ်
လက်ရှိအတိုင်း ဆက်လက်ရပ်တည် နေမှာဖြစ်သည့်အကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ပို့ကုန်ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ ဦးသန်းအောင်ကျော်က ပြောပါသည်။
ကျောက်ဖြူကနေ တရုတ်နိုင်ငံ ကူမင်းမြို့ကို ပြီးခဲ့သည့် အောက်တိုဘာလကနေ စတင်ပြီး သဘာဝဓါတ်ငွေ့တွေကို
စမ်းသပ်ပို့လွှတ်နေပြီဖြစ်ပါသည်။ ထိုအတွက် ထိုင်းနိုင်ငံကို သဘာဝဓါတ်ငွေ့တင်ပို့မှုပမာဏ
လျှော့ချခဲ့ပေမယ့် သဘာဝဓါတ်ငွေ့တင်ပို့မှုဟာ အဓိက ပို့ကုန်အဖြစ် ဆက်လက်ရှိနေမှာဖြစ်တယ်လို့
သုံးသပ်ပြောကြားခဲ့ပါသည်။
No comments:
Post a Comment