Thursday, January 9, 2014

ဘီယာသောက်သုံးမှုတွင် ပြည်တွင်းထုတ်လုပ်မှုထက် နှစ်ဆကျော်ရှိနေ

မြန်မာနိုင်ငံမှာ ဘီယာသောက်သုံးမှုပမာဏက လက်ရှိ ပြည်တွင်းထုတ်လုပ်မှုပမာဏထက် နှစ်ဆကျော်ရှိနေပါသည်။ ထို့ကြောင့် ဘီယာထုတ်လုပ်ရေး လုပ်ငန်းအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ထပ်မံခွင့်ပြုသွားဖွယ်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောပါသည်။ လက်ရှိအချိန်မှာ မြန်မာပြည်တွင်း လူတစ်ဦးချင်းစီ၏ တစ်နှစ်ပျမ်းမျှဘီယာသောက်သုံးမှု ပမာဏဟာ ငါးလီတာလောက်ရှိတယ်လို့လည်း ပြောခဲ့ပြီး၊ ဒီအတွက် လုံလောက်အောင် မထုတ်လုပ်နိုင်တာကြောင့် တခြားလိုအပ်တဲ့ ပမာဏတွေကို မှောင်ခိုလမ်းကြောင်းတွေကနေတဆင့် တင်သွင်းနေတာဖြစ်နိုင်တယ်လို့ ပြောခဲ့ပါသည်။


No comments:

Post a Comment