Thursday, January 9, 2014

မူပိုင်ခွင့်ဥပဒေကြောင့်ပြည်ပရင်နှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်နိုင်

မြန်မာနိုင်ငံအနေနှင့် မူပိုင်ခွင့်ဥပဒေတွေ ရေးဆွဲပြဌာန်းရန် နှောင့်နှေးနေခြင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာရေးကို အဟန့်အတားဖြစ်နိုင်ကြောင်း မူပိုင်ခွင့်ဆိုင်ရာ ပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင်တွေက ပြောခဲ့ကြပါသည်။ နောက်ဆုံးပြဌာန်းလိုက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ မူပိုင်ခွင့်ကို အရင်းအနှီးတခုအနေနှင့် လက်ခံပြဌာန်းထားပြီး ထိုအချက်ကို အကောင်အထည်မဖော်နိုင်ဘူးဆိုရင် ဥပဒေသစ်၏ ကောင်းကျိုးသက်ရောက်မှု နည်းပါးနေမှာဖြစ်သည့်အကြောင်း အာဆီယံ အသိဥာဏ်ပညာဆိုင်ရာ မူပိုင်ခွင့်အသင်းက ကောင်စစ်ဝန် ဦးမင်းတေဇညွှန့်တင်က ပြောပါသည်။



No comments:

Post a Comment