Friday, January 10, 2014

မွန်ဂိုလီးယားဒေသရှိ ဟူလွန်ဘေယာမြို့ဟာ အအေးဆုံး အပူချိန်အဖြစ် ရေခဲမှတ်အောက် (၄၆.၁) ဒီဂရီ ဆဲလ်စီးယက်သို့ ရောက်ရှိ

တရုတ်နိုင်ငံ မြောက်ပိုင်းအတွင်း မွန်ဂိုလီးယားဒေသရှိ ဟူလွန်ဘေယာမြို့မှာ (၁၀-၁-၁၄) ရက်နေ့က ယခုနှစ်ဆောင်းရာသီရဲ့ အအေးဆုံး အပူချိန်အဖြစ် ရေခဲမှတ်အောက် (၄၆.၁) ဒီဂရီ ဆဲလ်စီးယက်သို့ ရောက်ရှိခဲ့ပါသည်။ အေးခဲတဲ့အပူချိန်နဲ့အတူ ထူထပ်တဲ့ မြူနှင်းများက လွှမ်းခြုံထားရာ ဟူလွန်ဘေယာမှာ မီတာ (၅၀) အောက် အကွာအဝေးထိသာ တွေ့မြင်နိုင်ပါသည်။ ဒေသတွင်း ပြေးဆွဲနေတဲ့ ကားများကို ရပ်ဆိုင်းထားပေမဲ့ မီးရထားများကိုတော့ ပုံမှန်ပြေးဆွဲလျက် ရှိပါသည်။


No comments:

Post a Comment