လွန်ခဲ့တဲ့
(၂) နှစ်ခန့်က ဂစ်ဂလီယိုကျွန်းမှာ နှစ်မြုပ်ခဲ့ပြီး ပြန်လည်ဆယ်ယူထားတဲ့ ကိုစတာ ကွန်ကော့ဒီးယား
သင်္ဘောအား ဇွန်လကုန်မှာ ရွှေ့ပြောင်းနိုင်မှာဖြစ်ကြောင်း တာဝန်ရှိသူများက (၁၀-၁-၁၄) ရက်နေ့က
ပြောကြားခဲ့ပါသည်။ တန်ချိန်ပေါင်း တစ်သိန်း တစ်သောင်း လေးထောင့် ငါးရာ ရှိပြီး ၄င်းသင်္ဘောဟာ
ဇန်န၀ါရီလက ကျောက်ဆောင်နဲ့ တိုက်မိနှစ်မြုပ်ခဲ့ရာ လူ (၃၂) ဦး သေဆုံး ခဲ့ပါသည်။ ၄င်းသင်္ဘောအား
စက်တင်ဘာလက ဆယ်ယူနိုင်ခဲ့တာ ဖြစ်ပါသည်။ ၄င်းသင်္ဘောရဲ့ မာလိန်မှူးကတော့ သင်္ဘောတိမ်းမောက်စဉ်
သင်္ဘောကိုစွန့်ခွာမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံနေရကာ ၄င်းရဲ့ ရှေ့နေကတော့ မာလိန်မှူးတစ်ဦးတည်းရဲ့
အပြစ် မဟုတ်ကြောင်း ချေပပြောဆိုထားပါသည်။
No comments:
Post a Comment