Wednesday, January 1, 2014

အမေရိကန်တွင် လူသိများထင်ရှားလှတဲ့ နှင်းဆီပန်းစီတန်း လှည့်လည်ပွဲ အခမ်းအနားကို နှစ်သစ်ကူးနေ့တွင် ကျင်းပ

အမေရိကန်နိုင်ငံတွင် လူသိများထင်ရှားလှတဲ့ နှင်းဆီပန်းစီတန်း လှည့်လည်ပွဲ အခမ်းအနားကို နှစ်သစ်ကူးနေ့တွင် ကျင်းပခဲ့ခြင်းဟာ နှစ်ပေါင်း (၁၂၅) နှစ် နီးပါးရှိပြီ ဖြစ်ပါသည်။ ၄င်းပွဲကို ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းရှိ Endless Summer ခရီးသွားလာမှု တိုးမြင့်ရေး အစိတ်အပိုင်း တစ်ခုအဖြစ် စတင်ခဲ့တာဖြစ်ပြီး နှစ်စဉ်ကျင်းပတဲ့ ရိုးရာပွဲတစ်ခု ဖြစ်လာခဲ့ပါသည်။ နှစ်စဉ်နှစ်တိုင်း ပွဲလှည့်လည်ရေးအတွက် စေတနာ့ဝန်ထမ်းများက လာရောက်ကူညီ ပြင်ဆင်လေ့ရှိကြပြီး ၄င်းပွဲရဲ့ အမည်မှန်မှာ နှင်းဆီပန်းများဖြင့် အလှဆင်ထားတဲ့ အလှပြယာဉ်များလို့ အမည်ရပါသည်။ ၄င်းပွဲကို အလှပြယာဉ်မှ ပွဲတော်ဥက္ကဋ္ဌ Tim Estes က ဦးစီးတာဖြစ်ပြီး အလှပြယာဉ်တစ်စီးမှာ ကီလိုဂရမ် (၂၀၀၀၀) နီးပါး အလေးချိန်ရှိပါသည်။ နှင်းဆီပန်းဟာ အချစ်များစွာလို့ အဓိပ္ပါယ်ရတဲ့ မင်္ဂလာပွဲ အများစုမှာ အသုံးပြုကြတာကို တွေ့မြင်ရပါသည်။ နှစ်သစ်ကူး ညနေခင်းမှာ နှင်းဆီပန်းလှည့်လည်ပွဲကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့ကြောင်း သိရပါသည်။ 

No comments:

Post a Comment