ရုရားသမ္မတ
ဗလာဒီမီယာပူတင်ဟာ လူပေါင်း (၃၄) ဦးကျော် သေဆုံးခဲ့တဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုများ
ဖြစ်ပွားရာ ရုရှားနိုင်ငံ တောင်ပိုင်းမြို့ Volgograd သို့ (၁-၁-၁၄) ရက်နေ့က သွားရောက်ခဲ့ပြီး
ဗုံးပေါက်ကွဲမှုကြောင့် ဆေးရုံတွင် ရောက်ရှိရသော လူနာများဆီသို့လည်း သွားရောက်ခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဖက်ဒရယ်လုံခြုံရေးအဖွဲ့ (FSB) တို့မှ တာဝန်ရှိသူများနဲ့ ပြုလုပ်တဲ့
ဆွေးနွေးပွဲအတွင်း Putin က ရုရှားနိုင်ငံဟာ နိုင်ငံသားတို့ရဲ့ လုံခြုံရေးအတွက် နည်းလမ်းရှာဖွေမှာဖြစ်ကြောင်း
ပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံတွင် (၂၀၁၄) ခုနှစ် ဆိုချီဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ
မကျင်းပမှီ (၆) ပတ်လောက်အလိုကတည်းက ဗုံးခွဲတိုက်ခိုက်မှုများ မြင့်တက်လာခဲ့ပါသည်။ ပူတင်ဟာ
မြောက်ပိုင်းကော့ကေးဆပ်စ်ပြည်နယ်ရှိ လက်နက်ကိုင်များကို မထိန်းချုပ်နိုင်ဘဲ ရှိနေပါသည်။
No comments:
Post a Comment