Tuesday, January 7, 2014

ဂျွန်ကယ်ရီဟာ မြောက်ကိုရီးယားအား နျူးကလီးယား လက်နက်များဖယ်ရှား အ​ရေးနဲ့ပတ်သက်ပြီး ပြောကြား

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယွန်ဗြွန်ဆဲနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် မြောက်ကိုရီးယားအား နျူးကလီးယား လက်နက်များဖယ်ရှား အ​ရေးနဲ့ပတ်သက်ပြီး (၇-၁-၁၄) ရက်နေ့က ပြောကြားခဲ့ပါသည်။ အသက် (၃၀) အရွယ်ခန့်ရှိတဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်းဟာ လွန်ခဲ့တဲ့ (၂) နှစ် အာဏာရရှိခဲ့ပြီး ကုလသမဂ္ဂက တားမြစ်ထားတဲ့ ဒုံးကျည်စမ်းသပ်မှု (၂) ကြိမ်နဲ့ နျူကလီးယား စမ်းသပ်မှု တစ်ကြိမ်တို့ကို ပြုလုပ်ခဲ့ပါသည်။ မြောက်ကိုရီးယား ဟာ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့အား တိုက်ခိုက်ရန်  (၂၀၁၃) ခုနှစ်က ခြိမ်းခြောက်ခဲ့ပါသည်။ 

No comments:

Post a Comment