Tuesday, January 7, 2014

ဆီးရီးယားမှ ဓါတုလက်နက်များကို ဖယ်ရှားပစ်ဖို့ သင်္ဘောများဟာ ဆိပ်ကမ်းမှာ စောင့်ဆိုင်း

ဆီးရီးယားမှ ဓါတုလက်နက်များကို ဖယ်ရှားပစ်ဖို့ သင်္ဘောများဟာ ဆိပ်ကမ်းမှာ စောင့်ဆိုင်းနေပြီ ဖြစ်ပါသည်။ သေစေလောက်သော အဆိပ်ပါတဲ့ ကွန်တိန်နာ (၉) လုံးဟာ ပထမ အသုတ်အနေနဲ့ ဖယ်ရှားရမှာ ဖြစ်ကြောင်း ကုလသမဂ္ဂမှ ပြောကြားခဲ့ပါသည်။ ဆီးရီးယားရှိ နေရာနှစ်နေရာကနေ ဒိန်းမတ် ကုန်သင်္ဘောနဲ့ သယ်ဆောင်မှာ ဖြစ်ပါသည်။ ဂျနီဗာ ငြိမ်းချမ်းရေး ဆွေးနွေးမှုပြီးနောက် နှစ်ပတ်အကြာမှာ ယခုလို ဖယ်ရှားဖို့ သဘောတူခဲ့တာ ဖြစ်ပါသည်။ 

No comments:

Post a Comment