Tuesday, January 7, 2014

ပြင်သစ် သမ္မတဟာ ဥရောပကော်မရှင် ဥက္ကဋ္ဌနှင့် ပဲရစ်မြို့မှာ တွေ့ဆုံ

ပြင်သစ် သမ္မတ ဖရန်ဆွာအော်လန်းဟာ ဥရောပကော်မရှင် ဥက္ကဋ္ဌ ဟိုဆေး မယ်နျူယ်ယဲလ် ဘာရိုဆို နှင့် (၇-၁-၁၄) ရက်နေ့က ပဲရစ်မြို့မှာ တွေ့ဆုံခဲ့ပြီး စီးပွားရေး မတည်ငြိမ်မှုများကြားမှ ပြင်သစ်နိုင်ငံကို ဆွဲတင်နိုင်ဖို့ ကြိုးပမ်းခဲ့ပါသည်။ အစိုးရဟာ ပင်စင်လစာနှင့် ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှု တစ်ရပ်ကို ကြေညာခဲ့ပြီး တင်းကျပ်တဲ့ အလုပ်သမား စည်းမျဉ်းများကို ချမှတ်ခဲ့ပါသည်။ အော်လန်းဟာ ဘာရိုဆို နှင့်တွေ့ဆုံ ဆွေးနွေးပြီးနောက် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျက်လျူး နှင့်လည်း တွေ့ဆုံမှာ ဖြစ်ပါသည်။ 

No comments:

Post a Comment