Tuesday, January 7, 2014

အီရတ်နိုင်ငံမြောက်ပိုင်း ကာကွတ်မြို့ရဲ့ ရဲစခန်းအပြင်ဘက်မှာ ကားဗုံးပေါက်ကွဲမှု ဖြစ်ပွား

အီရတ်နိုင်ငံမြောက်ပိုင်း ကာကွတ်မြို့ရဲ့ ရဲစခန်းအပြင်ဘက်မှာ (၇-၁-၁၄) ရက်နေ့က ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ (၂) ဦး ထက်မနည်း သေဆုံးပြီး (၄၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုဟာ ရဲစခန်းအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။ အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်ဆိုတာကို မသိရှိရသေးကြောင်းနှင့် အယ်လ်ကိုင်ဒါနှင့် ဆက်နွယ်နေတဲ့ ဆွန်နီလက်နက်ကိုင်များက အီရတ်အစိုးရအား တိုက်ခိုက်လေ့ရှိပါသည်။ ကာကွတ်ဒေသဟာ အယ်လ်ကိုင်ဒါများ ကြီးစိုးရာဒေသဖြစ်ပြီး အကြမ်းဖက်မှုများ ပြုလုပ်ကြပါသည်။ 

No comments:

Post a Comment