Friday, January 10, 2014

nano အင်ဂျင်နီယာ နည်းပညာကို အသုံးပြုပြီး စက္ကူတစ်ရွက်ရဲ့ မူလဓာတု ဂုဏ်သတ္တိကို ပြောင်းလဲခြင်းဖြင့် အရည်များ စိမ့်ဝင်ခြင်း ပယ်ဖျက်နိုင်

မေရိကန်နိုင်ငံ ဂျော်ရီယာနည်းပညာ တက္ကသိုလ်မှ လေ့လာသူများဟာ nano အင်ဂျင်နီယာ နည်းပညာကို အသုံးပြုပြီး စက္ကူတစ်ရွက်ရဲ့ မူလဓာတု ဂုဏ်သတ္တိကို ပြောင်းလဲခြင်းဖြင့် အရည်များ စိမ့်ဝင်ခြင်းကို ပယ်ဖျက်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ကမ္ဘာတစ်လွှားမှာရှိတဲ့ မီးဖိုချောင်တိုင်းလိုလိုဟာ ရေစုပ်မှန်လို့ စက္ကူပါဝါကို တန်ဖိုးထားနေကြပါသည်။ ဒါပေမယ့် ဂျော်ဂျီယာမှ သုတေသီများကတော့ ဒီဖြစ်စဉ်ကို လုံးဝသွေဖယ်နေတဲ့ ထူးထူးခြားခြား စက္ကူတစ်မျိုးကို တီထွင်နိုင်ခဲ့ကြပါသည်။ ဇီဝဓါတုဗေဒနဲ့ ဓာတုဗေဒ အင်ဂျင်နီယာ နည်းပညာပါမောက္ခ အဲနစ်စ် ဟက်စ်ကတော့ ယခုစက္ကူငယ်ဟာ ရေလုံတဲ့ အစွမ်းသတ္တိကြောင့် ထုတ်ပိုးရာမှာ အသုံးပြုနိုင်ပြီး လူသားရဲ့ သွေးများနဲ့ အခြားအရည်များ ထုတ်ပိုးရာမှာလည်း အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ 

No comments:

Post a Comment