သြစတြေးလျရဲ့
မြောက်ပိုင်း Stradbroke ကျွန်းမှာ (၁-၁-၁၄) ရက်နေ့က အကြီးဆုံး တောမီးလောင်ကျွမ်းခဲ့ပြီး
၎င်းဒေသရှိ ထင်ရှားတဲ့ အားလပ်ရက် စခန်းမှ စခန်းချယူ (၉၀၀) ခန့် ကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းဖို့
အာဏာပိုင်များက ဆောင်ရွက်ခဲ့ကြပါသည်။ ၄င်းတောမီးဟာ မီးပွားကနေစတင် လောင်ကျွမ်းခဲ့တယ်လို့
ယူဆရကြောင်း ဒေသမီဒီယာက သတင်းထုတ်ပြန်ခဲ့ပါသည်။ မီးဟာ စခန်းချရာနရာ Main Beach သို့
အလွန်နီးကပ်လာပြီဖြစ်တဲ့အတွက် ယာဉ်များဟာ တနေ့လုံး မြို့ပေါ်သို့ အသွားအပြန် ပြေးဆွဲပေးခဲ့ပါသည်။
လေတိုက်မှုဟာ မီးလောင်ရာနေရာမှ ၄င်းကျွန်းရဲ့ (၅) ကီလိုမီတာအကွာ ကွင်းစခန်းသို့ လမ်းကြောင်းပြောင်း
တိုက်ခတ်နိုင်ကြောင်း ဘေးအန္တရာယ် လုံခြုံရေးအဖွဲ့အစည်းက ပြောကြားခဲ့ကြောင်း သိရပါသည်။
No comments:
Post a Comment