ဘယ်လ်ဂျီယမ်ခွဲစိတ်
ဆရာဝန် (၂) ဦးဟာ ကြွက်သားနဲ့အရိုးကို ဆက်ပေးတဲ့ အရွတ် ဆုံးရှုံးပျက်စီးပါက ကုသပေးနိုင်တဲ့
ကုထုံးသစ်ကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ တွေ့ရှိမှုကို အနာတမီ ဂျာနယ်မှာ ဖော်ပြခဲ့ပြီး
အသေးစိတ်ပုံစံများနဲ့ပါ ယှဉ်တွဲ ဖော်ပြခဲ့ပါသည်။ အောက်ရိုးနဲ့ အပေါ်ရိုးအပြင်ဘက်မှာ
အမျှင်များနဲ့ ဆက်သွယ်ပေးတဲ့ အခြေအနေ (ALL) အထူးသဖြင့် အားကစားသမားများနှင့် ဘောလုံးသမားများရဲ့
ဒူးမှာ ဒူးအရွတ်ဒဏ်ရာရတတ်ပါသည်။ အရွတ်များ စုပ်ပြတ်သွားခြင်းဖြစ်ပြီး၊ ဒူးဆက်များမှာ
အဓိကအရွတ် (၄) မျိုးမှ တစ်မျိုးဖြစ်ကာ အပေါ်အောက်အရိုးများ တည်ငြိမ်မှု ရရှိအောင် အရိုး
(၂) ခုကြားမှာ တည်ရှိနေတာ ဖြစ်ပါသည်။ ဒူးအရွတ်ဒဏ်ရာ ရပါက ဦးတည်ရာလွဲခြင်း၊ လှုပ်ရှားမရခြင်းများ
ဖြစ်တတ်ပါသည်။ တစ်နေရာ ဒဏ်ဖြစ်ပါက ကျန်နေ ရာရှိအရွတ်များလဲ ထိခိုက်လာနိုင်ပါသည်။ ပြန်လည်သက်သာပေမဲ့
နာကျင်မှုဝေဒနာ ခံစားရတဲ့ လူနာများနဲ့ ပတ်သက်ပြီး နားလည်စေဖို့ကိုတော့ သုတေသီများအနေနဲ့
ဆက်လေ့လာရအုံးမှာ ဖြစ်ပါသည်။
No comments:
Post a Comment