Friday, May 30, 2014

တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ဟာ လူစုလူဝေးဖြင့် အကြမ်းဖက်မှုအား တိုက်ခိုက်ခြင်းနဲ့ ရုန်းရင်းဆန်ခတ် မှုများကို ကာကွယ်တားဆီးနိုင်သည့် လေ့ကျင့်မှုများ ပြုလုပ်

တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ဟာ လူစုလူဝေးဖြင့်  အကြမ်းဖက်မှုအား တန်ပြန်တားဆီး တိုက်ခိုက်ခြင်းနဲ့ ရုန်းရင်းဆန်ခတ် မှုများကို ကာကွယ်တားဆီး နိုင်တဲ့ လေ့ကျင့်မှုတွေကို ပြီးခဲ့တဲ့ ကြာသာပတေး နေ့ကလေ့ကျင့်ခဲ့ပြီး အခုလို ပြုလုပ်ခြင်းဟာ အရေးပေါ် အခြေအနေတွေ ဖြစ်ပေါ်လာပါက ရဲတပ်ဖွဲ့အနေနဲ့ လျင်လျင်မြန်မြန် တုန့်ပြန်သွားနိုင်ဖို့ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။  အခုလို လေ့ကျင့်ရခြင်းဟာ ဓါးဖြင့်အကြမ်းဖက် တိုက်ခိုက်မှုများ၊ အနုကြမ်း စီးခြင်းများနဲ့ လူစုလူဝေးဖြင့် အကြမ်းဖက်ခြင်းများကို ကာကွယ်ဖြေရှင်း သွားနိုင်ရန်အတွက် ဖြစ်ကာ လေ့ကျင့်မှုဟာ မိနစ်(၄၀)ခန့် ကြာမြင့်ခဲ့ပါသည်။ အဆိုပါတန်ပြန် လေ့ကျင့်မှုမှာ ရဲတပ်ဖွဲ့ဝင် (၃)ထောင် ပါဝင်ခဲ့ပြီး၊ ရဟတ်ယာဉ်များ၊ လူလိုက်ပါခြင်းမရှိတဲ့ ကင်းထောက် ယာဉ်ငယ်များနဲ့ မီးသတ်ကားများ၊ မီးသတ်ပစ္စည်းများကို အသုံးပြုခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment