Friday, May 30, 2014

ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီးဟာ လက်ဘနွန်ရှိ ဆီးရီးယား ဒုက္ခသည်များဆီသို့ သွားရောက်

ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး ဖရန့်စ်ဝေါ်လ်တာ ရှတိုင်းမိုင်ယာဟာ လက်ဘနွန်ရှိ ဆီးရီးယား ဒုက္ခသည်များဆီသို့ သွားရောက် လည်ပတ်ခဲ့ကြောင်း သိရပါသည်။ ရှတိုင်းမိုင်ယာဟာ (၂)ရက်ကြာ လက်ဘနွန် ခရီးစဉ်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင်ခဲ့ပြီး ဂျာမနီနိုင်ငံ အနေနဲ့ ဆီးရီးယား ဒုက္ခသည် တစ်သန်းကျော်အတွက် ငွေကြေး အထောက်အပံ့များ ပိုမိုပေးအပ်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီးဟာ ၄င်းရဲ့ ခရီးစဉ်အတွင်း လုပ်ငန်းများ ဆောင်ရွက်နေတဲ့ ထောက်ပံ့ရေး လုပ်သားများနဲ့ ဆီးရီးယား ဒုက္ခသည် ကလေးများကို တွေ့ဆုံခဲ့ပါသည်။ ဒုက္ခသည် စခန်းကို ပိုမိုဆောင်ရွက်ပေး ဖို့လိုအပ်ကြောင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ လူမှုအဖွဲ့အစည်း များအား နောက်ထပ် ထောက်ပံ့ပေးမှုတွေ ပြုလုပ်ပေးဖို့ ၄င်းကတောင်းဆို ခဲ့ပါသည်။ ရှတိုင်းမိုင်ယာဟာ လက်ဘနွန် နိုင်ငံခြားရေးဝန်ကြီး ဂက်ဘ်ရန်ဘမ်ဆီးလ်နဲ့ ဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် ဂျာမနီနိုင်ငံဟာ ငွေကြေးနဲ့ စီးပွားရေး လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး လက်ဘနွန်ကို ကူညီနိုင်မဲ့ နည်းလမ်းတွေကို ဆွေးနွေးရန် အဆင်သင့်ရှိ နေပါကြောင်း ပြောကြားခဲ့ပြီး ကမ္ဘာ့ဘဏ်ကိုလဲ အကူအညီပေးဖို့ တွန်းအားပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ရှတိုင်းမိုင်ယာဟာ ဂျာမနီနိုင်ငံ အနေနဲ့ ဆီးရီးယား ဒုက္ခသည်များကို လက်ခံပေးဖို့ နိုင်ငံအများ အပြားကိုလဲ တိုက်တွန်းသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။

No comments:

Post a Comment