Monday, June 2, 2014

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဂျပန်နိုင်ငံ တိုကျို-မစ်ဆူဘီရှီဘဏ် ယူအက်(ဖ်)ဂျေ လီမိတက် ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ဂျပန်နိုင်ငံ တိုကျို-မစ်ဆူဘီရှီဘဏ် ယူအက်(ဖ်)ဂျေ လီမိတက် ဥက္ကဋ္ဌ Mr. Nobuyuki Hirano  ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား  ဇွန်လ(၂)ရက် မနက်(၁၀)နာရီမှာ နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမမှာ လက်ခံ တွေ့ဆုံပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် အတူ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ဒေါက်တာ မောင်မောင်သိမ်း၊ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ထိုသို့ တွေ့ဆုံရာမှာ ဘဏ်နှင့် ငွေရေးကြေးရေး ဝန်ဆောင်မှု ကဏ္ဍတွင် လူ့စွမ်းအား အရင်းအမြစ် အရည်အသွေး မြှင့်တင်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်အား အထောက်အကူ ပြုနိုင်မည့် အသေးစား ချေးငွေလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအား ဘဏ္ဍာငွေ ဖြည့်ဆည်းပေးနိုင်ရေး အတွက် ချေးငွေအာမခံ ကော်ပိုရေးရှင်း ထူထောင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါသည်။




No comments:

Post a Comment