နိုင်ငံခြားရေး
ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ထိုင်းနိုင်ငံ ခေတ္တ နိုင်ငံခြားရေးဝန်ကြီး
မစ္စတာ ဆီဟာစပ် ဖောင်ဖက်ချို သည် ဇွန်လ မွန်းလွဲ (၁)နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန
ရန်ကုန်ရုံးသို့ လာရောက် တွေ့ဆုံပါသည်။ ထိုင်း ခေတ္တ နိုင်ငံခြားရေး ဝန်ကြီးသည် ၂၀၁၄ခုနှစ်
အာဆီယံ ဥက္ကဌ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအား လာရောက်တွေ့ဆုံခြင်းဖြစ်ပြီး
၎င်းတွေ့ဆုံပွဲမှာ ထိုင်းနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေကို ရှင်းလင်းပြောကြားကာ
ထိုင်းနိုင်ငံသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်တာနှင့်အညီ အာဆီယံ၏ ရည်မှန်းချက်များကို
ကျန်အဖွဲ့ဝင်နိုင်ငံများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ကို ထပ်လောင်း ဂတိပြု
ပြောကြားခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ၄င်းရဲ့ ခရီးစဉ်နှင့် ပတ်သက်ပြီး
အာဆီယံ အဖွဲ့ဝင် နိုင်ငံများအား ဆက်လက် အသိပေး အကြောင်းကြားမည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment