Sunday, June 29, 2014

တရုတ်တိုင်ပေ၏ ဂိုးလ်ဒန်း-မယ်လိုဒီ တေးဂီတဆုပေးပွဲ



တရုတ်တိုင်ပေ၏ ဂိုးလ်ဒန်း-မယ်လိုဒီ တေးဂီတဆုပေးပွဲကို ကျင်းပခဲ့ရာ ဂီတပညာရှင် ငွေကြယ်ပွင့်များစွာ စုဝေးတက်ရောက်ခဲ့ကြပါသည်။ ၄င်းဂီတဆု ချီးမြင့်ပွဲသို့ မလေးရှား အဆိုတော်-ထုတ်လုပ်သူ (ပဲန်နီ-ထိုင်)နှင့် စင်္ကာပူနိုင်ငံမှ အဆိုတော် (ဂျေဂျေ-လင်း)တို့ တက်ရောက်ခဲ့ကြပါသည်။ ၄င်းပွဲမှာ အကောင်းဆုံးထုတ်လုပ်သူ ဆုကို ယတောမ်ဘရော့ဖြင့် ၄င်း စင်္ကာပူအဆိုကျော် ဂျေဂျေလင်းဟာလည်း သူရဲ့ ဆယ်ခုမြောက် တေးစီးရီးအယ်ဘန်ဖြစ်တဲ့      (စတိုရီ-အန်တိုးလ်) ဖြင့်၎င်း အကောင်းဆုံးဆုများကို ဆွတ်ခူးရရှိခဲ့ပါသည်။ လင်းဟာ ဒီပွဲမှာ သူရဲ့ (မော်ဒယ်လ်)လို့ အမည်ရတဲ့ ပထမဆုံးတေးစီးရီးမှ သီချင်းကို သီဆိုရင်း အကောင်းမွန်ဆုံး တင်ဆက်မှုနဲ့ လမ်းလျှောက်ဝင်လာခဲ့ပါသည်။ အကောင်းဆုံးတေးစီးရီး အယ်လ်ဘန်ဆုကိုတော့ (ချန့်ဂ်-ချဲန်-ယွီး) က   (အေးလ်-ကို-မို့ဒ်) အယ်လ်ဘမ်ဖြင့် ဆွတ်ခူးရရှိခဲ့ပါသည်။ ယခုနှစ်၏ အကောင်းဆုံးသီချင်းနှင့် အကောင်းဆုံး တေးရေးဆုကိုတော့ (ဂျွန်နသန်-လီ)က ရရှိခဲ့ပါသည်။ ၄င်းဆုချီးမြင့်ပွဲကို တရုတ်တိုင်ပေ၊ တရုတ်နိုင်ငံ၊ ဟောင်ကောင်၊ စင်္ကာပူနဲ့ မလေးရှားနိုင်ငံတို့မှ အဆိုတော်များ၊ တေးရေးဆရာများ၊ ထုတ်လုပ်သူများ တက်ရောက်ခဲ့ကြပြီး အစီအစဉ်(၂၅)ခုနှင့် ဆုအမျိုးအစား(၂၀)ကျော် ချီးမြင့်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment