အိန္ဒိယနိုင်ငံ
တောင်ပိုင်း (တမီ-နာဒူ) ရှိ ဆောက်လုပ်ဆဲ အဆောက်အဦး ပြိုကျမှုကြောင့် အနည်းဆုံး လူ(၅)ဦးသေဆုံးခဲ့ပြီး
(၁၅)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ အလုပ်သမား(၁၃၂)ဦးမှာ အဆောက်အဦ၏ အပျက်အဆီးများကြားတွင်
ပိတ်မိနေခဲ့ကြောင်း သိရှိရပါသည်။ (၁၁)ထပ် အဆောက်အဦးသည် ချင်နိုင်းမြို့မှ (၂၀)ကီလိုမီတာခန့်
(ပရူဝါ)မြို့ရဲ့ (မူဂါ-လီ-ဗက်ခမ်) ဒေသမှာ ဇွန်လ ၂၈ ရက်နေ့ညနေပိုင်းက ပြိုကျခဲ့တာ ဖြစ်ပါသည်။
နယူးဒေလီမှာလဲ နှစ်ပေါင်း(၅၀)လောက်ရှိတဲ့ တိုက်ခန်း ပြိုကျမှုကြောင့် ကလေး(၅)ဦး အပါအဝင်
လူ(၁၀)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment