ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးပိုက်ထွေးသည် မေလ(၃ဝ)ရက် မနက်(၈)နာရီတွင် ကံမမြို့နယ် မြို့နယ်ခန်းမမှာ ခရိုင်၊ မြို့နယ်အဆင့်
ဌာနဆိုင်ရာများ မြို့နယ် အထောက်အကူပြု ကော်မတီဝင်များ၊ စီမံခန့်ခွဲမှု ကော်မတီဝင်များ၊
မြို့မိမြို့ဖများ လူမှုရေး အသင်းအဖွဲ့များ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဌာနဆိုင်ရာများ
မြို့နယ် အထောက်အကူပြု ကော်မတီဝင်များနှင့် ဒေသခံပြည်သူများ စည်းလုံးညီညွတ်စွာ ပူးပေါင်း
ဆောင်ရွက်ကြရေး စိတ်ကောင်း စေတနာကောင်းထား ဆောင်ရွက်ကြရေး လုပ်ထုံးလုပ်နည်း စည်းကမ်းဥပဒေနှင့်
အညီ လုပ်ကိုင်ဆောင်ရွက်ကြရေး ဆွေးနွေးမှာကြား ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယဝန်ကြီး ဦးပိုက်ထွေးနှင့်ဇနီး
ဒေါ်ခင်မျိုးဌေး မိသားစုက ကံမမြို့နယ် ပြည်သူလူထုအတွက် ဆေးနှင့်ဆေးပစ္စည်းများ မြို့နယ်အတွင်းရှိ
ဆင်းရဲနွမ်းပါးသော ကျောင်းသားကျောင်းသူများ အတွက် ကျောင်းသုံးဗလာ စာအုပ်များ လှူဒါန်းခဲ့ပါတယ်။
ဆက်လက်ပြီး တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျေးလက် စာကြည့်တိုက်များ အတွက် သုတ၊
ရသ စာအုပ်စာစောင်များ အားကစား ဖွံ့ဖြိုးရေးအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း
ပါတယ်။ ဆက်လက်ပြီး သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နေမှု၊ မြို့နယ် ပြည်သူ့ဆေးရုံနှင့်
အခြေခံပညာ အထက်တန်းကျောင်း တို့ကို ကြည့်ရှုပြီး ထောက်ရှာခုံကျေးရွာ ပြည်သူများနှင့်
တွေ့ဆုံကာ ကျေးလက်ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အုတ်ဖို၊ ကင်း၊ ကိုင်းခုံ၊
ပုထိုး၊ ကျောက်ချောလမ်း (၉)မိုင်(၇)ဖာလုံ ဆောင်ရွက်မည့် အခြေအနေနှင့် စပ်လျဉ်း၍ ဆွေးနွေး
မှာကြားပါတယ်။ အဆိုပါလမ်း ဆောင်ရွက်ပြီးစီးပါက ဒေသခံ ကျေးရွာ (၁၇)ရွာမှ ပြည်သူ နှစ်သောင်း
သုံးထောင်ကျော် ရာသီမရွေး သွားလာနိုင်မှာ ဖြစ်ပါတယ်။ အဲဒီနောက် သစ်မယ်ဇီ ကျေးရွာအုပ်စု
ဒဂုံကွင်းကျေးရွာ မူလတန်း ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို လည်းကောင်း
လိန်တုန်း-ညောင်ကိုင်း-ပယ်ကျ ဆက်သွယ်ရေး သံကူကွန်ကရစ် တံတားဖွင့်ပွဲ အခမ်းအနားကိုလည်းကောင်း
တက်ရောက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး မြို့နယ် အုပ်ချုပ်ရေးမှူးတို့နှင့် အတူ ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးခဲ့ပါတယ်။ သံကူကွန်ကရစ် တံတားကို နိုင်ငံတော် မှ ထောက်ပံ့ငွေ (၄၅)သိန်း
ပြည်သူလူထု ထည့်ဝင်ငွေ (၁ဝ၆)သိန်း စုစုပေါင်း (၁၅၁)သိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး
၎င်းတံတား တည်ဆောက် ပြီးစီးခဲ့အတွက် ဒေသခံ ပြည်သူများ အနေဖြင့် ပြည်-ရန်ကုန် စသည့်
မြို့ကြီးများသို့ အချိန်မရွေး သွားလာနိုင်တော့မှာ ဖြစ်သည်။
No comments:
Post a Comment