Monday, June 2, 2014

ရှင်ပင်ချမ်းသာစေတီတော် ငှက်မြတ်နားတော်၊ စိန်ဖူးတော် တင်လှူပူဇော်ပွဲ




ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် ဇနီးဒေါ်ခင်ဌေးမြင့်တို့သည် မေလ(၃ဝ)ရက်နေ့ မနက်(၉)နာရီတွင် အမှတ်(၃)ရပ်ကွက်၊ မဟာသိမ်တော်ကြီးလမ်း၊ ဇေယျဝံသကျောင်းတိုက်ရှိ ရှင်ပင်ချမ်းသာ စေတီတော်   ငှက်မြတ်နားတော်၊ စိန်ဖူးတော် တင်လှူပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားမှာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် ဇနီးတို့သည် ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလ ခံယူပြီး ပရိတ်တရားတော် နာယူ၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေပြီး ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်အား လက်ယာရစ် ပင့်ဆောင်ပြီး တင်လှူပူဇော်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment