Sunday, June 29, 2014

ရုရှားနိုင်ငံမှ တိုက်ခိုက်ရေးဂျက်လေယာဉ်များ၏ ပထမအဖွဲ့အဖြစ် ကုန်တင်လေယာဉ်တစ်စီးသည် ဘဂ္ဂဒတ်လေဆိပ်သို့ရောက်ရှိ

ရုရှားနိုင်ငံမှ တည်ဆောက်ထားသည့် တိုက်ခိုက်ရေး ဂျက်လေယာဉ်များ၏ ပထမအဖွဲ့အဖြစ် ကုန်တင်လေယာဉ် တစ်စီးသည် ဘဂ္ဂဒတ်လေဆိပ်သို့ ဇွန်လလ(၂၈)ရက်က ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ၄င်းယာဉ်များကို အီရတ်နိုင်ငံ မြောက်ပိုင်းရှိ (အိုင်အက်စ်အိုင်အယ်လ်) တိုက်ခိုက်ရေးသမားများကို ချေမှုန်းရန်အတွက် အီရတ်တပ်ဖွဲ့ဝင်များက အသုံးပြုသွားမှာဖြစ်ပါသည်။ ရုရှားနှင့် ဘယ်လာရုဇ်သည် အီရတ်အစိုးရအား တိုက်ခိုက်ရေး ဂျက်လေယာဉ်များနှင့် ထောက်ပံ့ရန် ဒေါ်လာသန်း(၅၀ဝ)တန် သဘောတူညီမှုဖြင့် ရောက်ရှိလာခြင်း ဖြစ်ကြောင်း ဇွန်လ(၂၅)ရက်နေ့က (ဘီဘီစီ)နှင့် တွေ့ဆုံမေးမြန်းခန်းမှာ အီရတ်နိုင်ငံ ဝန်ကြီးချုပ် နျူရီအယ်မာလီကီက ပြောကြားခဲ့ပါသည်။ အီရတ်အစိုးရတပ်ဖွဲ့သည် ဆွန်နီလက်နက်ကိုင်များမှ မြောက်ပိုင်းမြို့ဖြစ်သည့် တီကရစ်မြို့ကို ပြန်လည်ရရှိရေးအတွက် စနေနေ့စစ်ဆင်ရေး စတင်ကတည်းက လက်နက်တပ်ဆင်ထားသည့် ရဟတ်ယာဉ်များ အသုံးပြုခဲ့ပါသည်။ ပြီးခဲ့သည့် ရက်များကလည်း ဘေဂျီရှိ နိုင်ငံ၏ အကြီးဆုံးရေနံချက်စက်ရုံကို ကာကွယ်ရန်အတွက် အတော်ဆုံးတပ်ဖွဲ့ဝင်များက ရဟတ်ယာဉ်များဖြင့် ပျံသန်းတိုက်ခိုက်ခဲ့ကြပါသည်။ တီကရစ်အတွင်းရှိ နယ်မြေများ ပြန်လည်သိမ်းယူနိုင်ရန် ပြီးခဲ့သည့် သီတင်း(၂)ပတ်ကတည်းကစပြီး ဆွန်နီလက်နက်ကိုင်များအား ချေမှုန်းရန်အတွက် တိုက်ပွဲဝင်ယာဉ်များ ပေးပို့ခဲ့ပေမယ့် ဘဂ္ဂဒတ်၏ မြောက်ဘက်နှင့် အနောက်ဘက်ရှိ ဆွန်နီများကြီးစိုးရာ နေရာမှာ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်ဟုသိရှိရပါသည်။

No comments:

Post a Comment