Sunday, June 29, 2014
ဆီးရီးယားနိုင်ငံ၏ အဓိကလက်နက်ကိုင်တပ်ဖွဲ့ တပ်သားများသည် အီရတ်နယ်စပ်သို့ စတင်ထွက်ခွာ
ဆီးရီးယားနိုင်ငံ၏ အဓိကလက်နက်ကိုင်တပ်ဖွဲ့ (၂)ခုမှာပါဝင်သည့်
တပ်သားများသည် အီရတ်နယ်စပ်သို့ စနေနေ့က စတင်ထွက်ခွာခဲ့ကြောင်း သိရပါသည်။ ယင်းသို့ထွက်ခွာခြင်းသည်
အီရတ်၏ နယ်စွန်နယ်ဖျားကို ထိန်းချုပ်ထားသည့် (အိုင်အက်အိုင်အယ်လ်)တပ်ဖွဲ့ကို တိုက်ခိုက်ရန်ဖြစ်ပြီး
ရုပ်မြင်မှတ်တမ်းမှာ လက်နက်ကိုင်များသည် (အိုင်အက်စ်အိုင်အယ်လ်) တပ်ဖွဲ့ကို တိုက်ခိုက်ရန်
နယ်စပ်မြို့ အယ်လ်ဘူ-ကာမဲလ်သို့ ဦးတည်ချီတက်လာပုံကို မြင်တွေ့ရမှာဖြစ်ကြောင်း သိရပါသည်။
ယခုလက်နက်ကိုင်များသည် နပ်စ်ရာရှေ့တန်းနှင့် လွတ်လပ်သော ဆီးရီးယားတပ်ဖွဲ့မှ တပ်သားများဖြစ်ကြောင်းနှင့်
နောက်ဆုံးရ သတင်းအချက်အလက်များအရ ယင်းယာ-အယ်ဂျာကို
ဖြတ်သန်းချီတက်နေပြီဖြစ်ကြောင်း သိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment