Sunday, June 29, 2014

မြောက်ကိုရီးယားမှ ဂျပန်ဘက်သို့ ဒုံးကျည်(၂)စင်း ပစ်လွှတ်မှုနှင့်ပတ်သက်၍ ဂျပန်အစိုးရက ထုတ်ပြန်



မြောက်ကိုရီးယားသည် အရှေ့ပင်လယ်မှ ဂျပန်ဘက်သို့ ဒုံးကျည်(၂)စင်း ပစ်လွှတ်ခဲ့ပြီးနောက် လာမည် သီတင်းပတ်မှာ တွေ့ဆုံမည့် ဆွေးနွေးပွဲ အစီအစဉ်နှင့် ပတ်သက်ပြီး ပြောင်းလဲမှာ မဟုတ်ကြောင်း ဂျပန်နိုင်ငံက ပြောကြားလိုက်ပါသည်။ ဇူလိုင်လ (၁) ရက်နေ့ နှစ်နိုင်ငံ တွေ့ဆုံချိန်မှာ (၁၉၇၀) နှင့် (၁၉၈၀) ခန့်က  မြောက်ကိုရီးယားက ဂျပန်လူမျိုးများအား ပြန်ပေးဆွဲမှုကို ပြန်လည်စုံစမ်းရေး အပါအဝင် ဒုံးကျည်လွှတ်တင်မှု ကိစ္စရပ်များလည်း ပါဝင်ဖို့ စီစဉ်ထားကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဖူမီအို-ကီရှီဒါက ထပ်လောင်း ပြောကြားခဲ့ပါသည်။ ဂျပန်နိုင်ငံသည် ပိတ်ဆို့မှုများကို ပယ်ဖျက်ခြင်း ဆွေးနွေးပွဲ ရလာဒ်ပေါ် မူတည်ပြီး စဉ်းစားသွားမှာ ဖြစ်ပါသည်။ မြောက်ကိုရီးယားရဲ့ အခုတစ်ကြိမ် ဒုံးကျည်ပစ်လွှတ်မှုသည် တတိယအကြိမ်မြောက် ဂျပန်နိုင်ငံဘက်ဆီသို့ ဦးတည် ပစ်လွှတ်ခြင်း ဖြစ်ကြောင်း ဂျပန်အစိုးရက ထုတ်ပြန်ခဲ့ပါသည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ဂျပန်နိုင်ငံအား သတိအနေထားရှိဖို့ အမိန့်ပေးထားပါသည်။ ဇူလိုင်လ(၁)ရက်နေ့ တွေ့ဆုံပွဲကို ဘေဂျင်းမြို့မှာ ကျင်းပသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment