မြိတ်မြို့
အထက်ရေပုန်းရပ် စပါးရွှေဝါလမ်းတွင် ဒေသခံပြည်သူများနှင့် စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေဖြင့်
တည်ဆောက်ပြီးစီးခဲ့သော ဇီဝိတဒါန သံဃာတော်နှင့် သီလရှင်များ၏ ကုသိုလ်ဖြစ် ဆေးကုသဆောင်
အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ(၂၉)ရက် နံနက်ပိုင်းက ကျင်းပရာ ပြည်သူ့လွှတ်တော်
စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊
တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးထင်အောင်ကျော်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပါတယ်။
No comments:
Post a Comment