မြန်မာနိုင်ငံ မသန်စွမ်းသူများ ဖိုရမ် ညီလာခံကို ၂၀၁၄ခုနှစ် ဇွန်လ (၁၀)ရက်မှ (၁၂)ရက်နေ့ထိ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပမည်
နိုင်ငံတဝန်းရှိ မသန်စွမ်းသူများ
ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ အတားအဆီးများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးဖော်ထုတ်၍
နိုင်ငံတော်နှင့် ပြည်သူသို့ အသိပေးတင်ပြရန်၊ မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် လိုအပ်ချက်များကို
ဗဟိုပြု ထင်ဟပ်မည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ရန်၊ မသန်စွမ်းသူများ အခွင့်အရေး ဥပဒေ
အမြန်ဆုံး အကောင်အထည် ပေါ်လာရေးအတွက် တိုက်တွန်းဆောင်ရွက်ရန်၊ နိုင်ငံတွင်းရှိ မသန်စွမ်းသူ
အားလုံးကို ကိုယ်စားပြုသည့် ပြည်ထောင်စုအဆင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ကောင်စီတစ်ရပ်
ဖွဲ့စည်းသွားရန် ဆိုသည့် ရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ဖိုရမ်
ညီလာခံကို ၂၀၁၄ခုနှစ် ဇွန်လ (၁၀)ရက်မှ (၁၂)ရက်နေ့ထိ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင်
ကျင်းပသွားမှာဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment