Monday, June 2, 2014

ဂျပန်နိုင်ငံ (Senator and Former Vice Minister of Transport )မှ (Mr. Koizumi Toshiaki ) ဦးဆောင်ပြီး (Silver Wave Energy) ကုမ္ပဏီမှ စီးပွားရေး ကိုယ်စားလှယ်များနှင့်တွေ့ဆုံ



စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်အား ဂျပန်နိုင်ငံ (Senator and Former Vice Minister of Transport )မှ (Mr. Koizumi Toshiaki ) ဦးဆောင်ပြီး (Silver Wave Energy) ကုမ္ပဏီမှ တာဝန်ရှိသူများ ပါဝင်သည့် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့သည် ဇွန်လ(၂)ရက်နေ့ နေ့လယ်က နေပြည်တော် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံပြီး နှစ်နိုင်ငံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အခွင့်အလမ်းများ၊ စက်မှုကဏ္ဍနှင့် ပတ်သက်၍ (Ball Bearin) လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရေးကိစ္စများ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် သင်တန်းကျောင်းများ တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ (SMEs) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ချေးငွေဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ပါသည်။

No comments:

Post a Comment