Monday, June 2, 2014

နာဆာရဲ့ အိုင်းရစ် နက္ခတ်တာရာကြည့် မှန်ပြောင်းသည် နေရဲ့တစ်ဖက်ရှိ ကိုရိုနာအပေါက်မှ အမှုန်များ ဖြာထွက်လာပုံကို မှတ်တမ်းတင်နိုင်ခဲ့



 နေရဲ့ပြုမူ လှုပ်ရှားမှုများကို လေ့လာတဲ့ နာဆာရဲ့ အိုင်းရစ် နက္ခတ်တာရာကြည့် မှန်ပြောင်းဟာ နေရဲ့တစ်ဖက်ရှိ ကိုရိုနာအပေါက်မှ အမှုန်များ ဖြာထွက်လာပုံကို ယခင်လ(၉)ရက်နေ့က မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ၄င်းဖြာထွက်လာတဲ့ အမှုန်များဟာ ကမ္ဘာ့အကျယ်ရဲ့ (၅)ဆလောက် ကျယ်ပြန့်ပြီး ကမ္ဘာတစ်ဝက်လောက် အမြင့်ရှိကြောင်း နာဆာရဲ့ ပြောကြားချက်အရ သိရပါသည်။ အိုင်းရစ်ဟာ နာဆာက တည်ဆောက်ခဲ့တဲ့ နက္ခတ်တာရာကြည့် မှန်ပြောင်းများအနက် နောက်ဆုံးဖြစ်ပြီး နေရဲ့လှုပ်ရှားမှုများကို လေ့လာရန် ဒီဇိုင်းဆွဲထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment