တရုတ်နိုင်ငံအနေနဲ့
အားလုံးကို အကျိုးရှိစေမဲ့ အာရှလုံခြုံရေးကို အခြားနိုင်ငံများနှင့်အတူ ဆက်လက်ဆောင်ရွက်သွားဖို့
အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (ပီအယ်လ်အေ)ရဲ့
ဒုတိယ စစ်ဦးစီးအရာရှိ ဝမ်ဂွမ်ဂျုံးက ပြောကြားခဲ့တယ်လို့ သိရပါသည်။ တရုတ်နိုင်ငံရဲ့
ငြိမ်းချမ်းဖွံ့ဖြိုး တိုးတက်မှုနှင့် ပတ်သက်ပြီး သိသာထင်ရှားတဲ့ အောင်မြင်မှုဟာ အာရှရဲ့
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အရေးပါပြီး အပြုသဘောဆောင်တဲ့ အချက်တစ်ချက် ဖြစ်ကြောင်း
(၁၃)ကြိမ်မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့တဲ့ ၄င်းရဲ့ မိန့်ခွန်းမှာ ထည့်သွင်း
ပြောကြားခဲ့ပါသည်။ (၂၀၁၃)ခုနှစ်မှာ တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာ့စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့
(၃၀)% နီးပါးနဲ့ အာရှစီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ (၅၀)%ကို ထောက်ပံ့ပေးခဲ့ကြောင်း
၎င်းက ပြောကြားခဲ့ပါသည်။ ဝမ်က တရုတ်နိုင်ငံဟာ လုံခြုံရေး တည်ငြိမ်မှုကို မြှင့်တင်ဖို့
ဆက်လက်လုပ်ဆောင် သွားမှာဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေး ချမ်းသာကြွယ်ဝမှု တည်တံ့ခိုင်မြဲရေး
အတွက် အခြားနိုင်ငံများနဲ့ အတူတကွ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့
သိရှိရပါသည်။
No comments:
Post a Comment