အမေရိကန်
အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ နာဆာက လာမယ့် အနာဂတ်မှာ အင်္ဂါဂြိုလ်ပေါ်သို့ ဆင်းသက်ရာမှာ
အသုံးပြုနိုင်မယ့် ဟီလီယမ် ဓာတ်ငွေ့သုံး မိုးပျံဖူဖောင်းနဲ့ ချိတ်ဆက်ထားတဲ့ ပန်းကန်ပြားပျံပုံစံယာဉ်ကို
စမ်းသပ်ပျံသန်းခဲ့ပါသည်။ ၄င်းယာဉ်သည် အမြင့်ပေ(၁သိန်း၂သောင်း)အထိ ပျံသန်းနိုင်ပြီး
ပစိဖိတ်သမုဒ္ဒရာရဲ့ အပေါ်ဘက် (၂.၅)နာရီထိ ပျံသန်းနိုင်ခဲ့ပါသည်။ ၄င်း၏ မြန်နှုန်းမှာ အသံထက်
(၄)ဆပိုမြန်ပြီး တစ်နာရီကို (၄၈၂၈) ကီလိုမီတာထိ ရှိကြောင်း သိရပါသည်။ အခုလို စမ်းသပ်ပျံသန်းခြင်းဟာ
နောင်တစ်ချိန်တွင် အင်္ဂါဂြိုဟ်ပေါ်ဆင်းသက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ရှေ့ပြေးပုံစံ
စနစ်ဖြစ်ပြီး တိုးတက်လာသော နည်းပညာ၏ ကောင်းမွန်သော ပြယုဂ်တစ်ခု ဖြစ်ကာ နာဆာအနေနဲ့ အခုစီမံကိန်းကို
(၂၀၁၀)ခုနှစ်က စတင်ခဲ့ပြီး (၅)နှစ်ကြာခဲ့ပြီဖြစ်ပါသည်။ ၄င်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ
(သန်း၂၀ဝ)ခန့် ကုန်ကျခဲ့ပြီး နောက်ထပ်တစ်ကြိမ် စမ်းသပ်မှုကို လာမည့် နွေရာသီတွင် ပြုလုပ်သွားမှာ
ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment