Monday, June 2, 2014

တရုတ်နိုင်ငံ ဂွမ်ရှီကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ စားဖိုမှုးများဟာ (၂)မီတာရှည်လျားတဲ့ ကောက်ညှင်းထုပ်ကို ပြုလုပ်

တရုတ်နိုင်ငံ တောင်ပိုင်း ဝူကျိုးမြို့ ဂွမ်ရှီကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ စားဖိုမှုးများဟာ ရိုးရာနဂါး လှေလှော်ပွဲကို ဆင်နွှဲသောအားဖြင့် (၂)မီတာရှည်လျားတဲ့ ကောက်ညှင်းထုပ်တစ်ခုကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါသည်။ (၁၉၀)ကီလိုဂရမ် အလေးချိန်ရှိတဲ့ ၄င်းကောက်ညှင်းထုပ်ကို ကျုံကျိလို့ ဒေသခံများက ခေါ်ဆိုကြပြီး ဝူကျိုးရဲ့ ကန်ဟိုင်းပန်းခြံမှာ ကျင်းပတဲ့ ယဉ်ကျေးမှုပြပွဲမှာ ပြသခဲ့ပါသည်။ ဝါးရွက်များဖြင့် ထုပ်ပိုး အလှဆင်ထားမှုကို ဖယ်ရှား လိုက်တဲ့နောက်မှာတော့ မြေပဲ ပိန်းဥ ဝက်သားနှင့် ကောက်ညှင်းတို့ ရောစပ်ထားတဲ့ ကောက်ညှင်းထုပ်ကို စားချင်စဖွယ် တွေ့မြင်ရမှာဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment