Monday, June 2, 2014

ကာဇတ်စတန်နိုင်ငံ မာနက်စ်ရှိ အမေရိကန်ကြားခံ စစ်စခန်းအား ကာဇတ်အစိုးရအား လွဲပြောင်း


ကာဇတ်စတန်နိုင်ငံ မာနက်စ်ရှိ အမေရိကန်ကြားခံ စစ်စခန်းအား ကာဇတ်အစိုးရအား လွဲပြောင်းပေးခြင်းနဲ့ စခန်းမပိတ်သိမ်းခင် အပြီးသတ်လုပ်ဆောင်မှုများ ပြုလုပ်ပြီးနောက် နောက်ဆုံးကျန်ရှိတဲ့ ဝန်ထမ်းအနည်းငယ်ဟာ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရပါသည်။ ၄င်းကြားခံစခန်းဟာ အာဖဂန်သို့ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ခြင်းနဲ့ သယ်ယူပို့ဆောင်ရေးအတွက် အရေးပါတဲ့ နေရာတစ်ခုဖြစ်ပါသည်။ လေတပ်ဆိုင်ရာ တာဝန်ရှိသူများက ပိတ်သိမ်းဖို့အတွက် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်းနဲ့ မတ်လမှာ နောက်ဆုံးလေကြောင်းမှ ထောက်ပံ့မှုပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ (၁၂)နှစ်တာ စစ်ဆင်ရေးကာလအတွင်း တပ်ဖွဲ့ဝင်(၃သောင်း၃ထောင်) ထပ်မံဖြည့်တင်းခြင်း အာဖဂန်မှ အဝင်အထွက် ဝန်ဆောင်မှုဝန်ထမ်း (၅.၃)သန်းကျော် ရွှေ့ပြောင်းခြင်း ကုန်ပစ္စည်းသယ်ဆောင်တဲ့ ခရီးစဉ်ပေါင်း (လေးသောင်းနှစ်ထောင်)ကို မာနက်စ်မှာ ပြုလုပ်ခဲ့ပါသည်။ ယခုအခါမှာတော့ လေကြောင်းမှ လူနဲ့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှုကို ရိုမေးနီးယားနိုင်ငံ ပင်လယ်နက်အနီးရှိ အမ်ကေကြားခံ စစ်စခန်းသို့ ရွှေ့ပြောင်းသွားပြီ ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment