ပြည်ထောင်စု
လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗြိတိန်နိုင်ငံ တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ် (အငြိမ်းစား) ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချတ်စ်အား ဇွန်လ(၂)ရက် မွန်းလွဲ(၂)နာရီတွင်
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံပါသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စု လွှတ်တော်နာယက နှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး
ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းဆစ်
သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြတဲ့ ဦးခင်မောင်ထွန်း၊ ဦးကြည်ထွဋ်ဝင်းနှင့်
ဒေါ်အေးအေးမူတို့ တက်ရောက်ကြပြီး (အငြိမ်းစား) ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချတ်စ်နှင့်အတူ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အန်ဒရူး ပက်ထရစ်
နှင့် ဗြိတိန်စစ်သံမှူးတို့ တက်ရောက်ကြပါသည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု
တိုးမြှင့်ခိုင်မာရေးနှင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို
ရင်းနှီးခင်မင်စွာ ဆွေးနွေးကြပါသည်။
No comments:
Post a Comment