နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်အား ဆွတ်ဇာလန်နိုင်ငံမှာ (၂-၆-၁၄)
ရက်နေ့က စမ်းသပ်ပျံသန်းခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြောင်း သိရပါသည်။ ဆိုလာ-အင်ပါလ့်စ်-တူးဟာ
အတ္တလန်းတိတ်မှ ပစိဖိတ်တစ်လျှောက် ငါးရက်နဲ့ငါးညကြာ ပျံသန်းဖို့ စီစဉ်ထားပြီး (၂၀၁၅)ခုနှစ်
မတ်လမှာ စတင်ပျံသန်းဖို့ စီစဉ်ထားပါသည်။ ၄င်းလေယာဉ်ဟာ ညအခါမှာ ဘတ္ထရီအား လျင်မြန်စွာ
လျော့ကျခြင်းကို ကာကွယ်ရန် တစ်နာရီကို (၄၆)ကီလိုမီတာနှုန်းဖြင့် မောင်းနှင်မှာ ဖြစ်ပါသည်။
ယခုအစီအစဉ်အား (၁၉၉၉)ခုနှစ်က မီးပုံပျံဖြင့် ကမ္ဘာတစ်ဝန်းသို့ ပျံသန်းခဲ့သူ ဘားထရဲန်းဒ်ပစ်ကာဒ်နဲ့
ဆွတ်ဇာလန်လေတပ်မှ လေယာဉ်မှူး အဲန်ဒရေဘော့စ်ခ်ဘာဂ့်တို့ စီစဉ်ခဲ့တာ ဖြစ်ပါသည်။ ၄င်းတို့နှစ်ဦးဟာ
ဆိုလာအင်ပါ့လ်စ်ကို လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်က စတင်တည်ထောင်ခဲ့တာ ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment