Monday, June 2, 2014

အီရတ်နိုင်ငံတစ်ဝန်း ကားဗုံးပေါက်ကွဲမှုများ

အီရတ်နိုင်ငံရှိ ရှီးအိုက်များ အများစုနေထိုင်ရာ နာ့ဂျက်ဖ်မြို့ရှိ နံမည်ကျော်ကြားတဲ့ ဈေးတစ်ခုအတွင်း ကားဗုံးပေါက်ကွဲမှု တစ်ရပ် (၂-၆-၁၄) ရက်နေ့က ဖြစ်ပွားခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး (၁၀)ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ဆေးရုံမှ ထုတ်ပြန်ချက်များအရ သိရပါသည်။ ဒါ့အပြင် အစ္စခန်ဒရီယားမှာလဲ ကားဗုံးပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး (၉)ဦးဒဏ်ရာရရှိခဲ့သလို ရှီးအိုက်အများစု နေထိုင်ရာ နက်စ်ဆီရီရာ တောင်ပိုင်းမှာလဲ ကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကာ မာမိုဒီးရားမှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှု တစ်ခုမှာလဲ အရပ်သားနှစ်ဦး သေဆုံးခဲ့ပါသည်။ ဒါ့အပြင် မက်စ်ဟာဒါမြို့အနီး ရဲတပ်ဖွဲ့နဲ့ တပ်ဖွဲ့ဝင်များ ပူးတွဲစောင့်ကြပ်တဲ့ စစ်ဆေးရေးဂိတ်ကို ပစ်မှတ်ထားတဲ့ အသေခံ ကားဗုံးပေါက်ကွဲမှု တစ်ရပ်မှာလဲ တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာ ရရှိခဲ့ပါသည်။ အီရတ်နိုင်ငံတစ်ဝန်း မေလမှာဖြစ်ပွားတဲ့ အကြမ်းဖက်မှုများကြောင့် လူပေါင်းရှစ်ရာနီးပါး သေဆုံးခဲ့တာကြောင့် ယခုနှစ်အတွက် သေဆုံးမှု အများဆုံးလဖြစ်ကြောင်း ကုလသမဂ္ဂမှ မေလ(၃၁)ရက်နေ့က ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။ 

No comments:

Post a Comment