Monday, June 2, 2014

ဂျပန်နိုင်ငံဟာ (ဖိုးကေ) ရုပ်မြင်သံကြားစက်မှာ ဂြိုလ်တု ရုပ်မြင်သံကြား အစီအစဉ်များ စတင် စမ်းသပ် ထုတ်လွှင့်

ဂျပန်နိုင်ငံဟာ (ဖိုးကေ) ရုပ်မြင်သံကြားစက်မှာ ဂြိုလ်တု ရုပ်မြင်သံကြား အစီအစဉ်များ ထုတ်လွှင့်ခြင်းကို (၂-၆-၁၄) ရက်နေ့က စတင် စမ်းသပ်ခဲ့ကြောင်း သိရပါသည်။ ဆိုနီနဲ့ရှာပ်တို့ အပါအဝင် အဓိက လုပ်ငန်းရှင်များဟာ ၄င်းတို့ရဲ့ ခေတ်မမှီတော့တဲ့ တီဗီယူနစ်များကို အဖတ်ဆယ်ဖို့ ဒီအဆင့်မြင့် နည်းပညာကို စမ်းသပ်ခဲ့ပါသည်။ အဓိကထုတ်လွှင့်တဲ့ ကုမ္မဏီကြီးများအဖွဲ့ ရုပ်မြင်သံကြား ထုတ်လုပ်သူများနဲ့ ဆက်သွယ်ရေး လုပ်ငန်းအဖွဲ့များဟာ နိုင်ငံတစ်ဝန်း လူဦးရေ(၁၂၈)သန်းဆီသို့ စမ်းသပ် ထုတ်လွှင့်ခဲ့ပါသည်။ ဒါဟာ ဂျပန်နိုင်ငံအနေနဲ့ ကမ္ဘာ့စီးပွားရေး အဆင့်သုံးရဲ့ ယှဉ်ပြိုင်မှုကို တိုးမြှင့်ရန် လုပ်ဆောင်ပုံ ပေါ်တယ်လို့ သိရပါသည်။ ဒီနည်းပညာဟာ စံမှီတဲ့ ရုပ်သံထုတ်လွှင့်မှုရဲ့ လေးဆရှိပေမဲ့ ဖြန့်ချိရောင်းချဖို့ ဈေးနှုန်းမြင့်လျက် ရှိပါသည်။ လူထုအခြေပြု ထုတ်လွှင့်တဲ့ အန်အိတ်ခ်ျကေကတော့ (အိတ်ကေ)နည်းစနစ်နဲ့ ထုတ်လွှင့်တာဖြစ်ပြီး လက်ရှိ ရုပ်သံထုတ်လွှင့်မှုရဲ့ (၁၆)ဆရှိပါသည်။ ဂျပန်နိုင်ငံဟာ (၂၀၂၀)အိုလံပစ်ပွဲ လက်ခံမကျင်းပခင် အိတ်ကေနည်းစနစ် စီးပွားရေးအရ ထုတ်လုပ်ဖို့ မျှော်လင့်ထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment