Monday, June 2, 2014

တရုတ်ဟာ နိုင်ငံခြားသားများကို ပိုမို ဆွဲဆောင်နိုင်ဖို့ (ဂရင်းကဒ်တ်) ပေါ်လစီကို လျော့ပေါ့ဖို့ စဉ်းစား

တရုတ်နိုင်ငံဟာ (ဂရင်းကဒ်တ်-စစ်စတန်)ကို (၂၀၁၄)ခုနှစ်က ထုတ်ဝေခဲ့ပါသည်။ ယခုအခါမှာတော့ တရုတ်နိုင်ငံဟာ နိုင်ငံခြားသားများကို ပိုမို ဆွဲဆောင်နိုင်ဖို့အတွက် ပြောင်းလဲမှုတစ်ခုအဖြစ် (အက်ပလီကေးရှင်း)များကို လျော့ချခြင်းနဲ့ စံသတ်မှတ်ချက်များ အတည်ပြုခြင်းကဲ့သို့ (ဂရင်းကဒ်တ်) ပေါ်လစီကို လျော့ပေါ့ဖို့ စဉ်းစားနေကြောင်း သိရပါသည်။ တရုတ်အမျိုးသား မိသားစုဝင် နိုင်ငံခြားသားများနဲ့ ပြည်ပနိုင်ငံခြားသားများဟာ (ဂရင်းကဒ်တ်စစ်စတန်) အောက်မှာ အကောင်းဆုံး အရည်အသွေးပြည့်ဝခြင်း (ဒါမှမဟုတ်) များပြားစွာ ရင်းနှီးမြှုပ်နှံခြင်းများကို လုပ်ဆောင်ခဲ့လျှင် အမြဲတမ်း နေထိုင်သူအဖြစ် လျှောက်ထားနိုင်ပါသည်။ မီဒီယာ အစီရင်ခံချက်အရ (၂၀၁၂)ခုနှစ်မှာ နိုင်ငံခြားသား ငါးထောင်နီးပါးဟာ တရုတ်နိုင်ငံ (ဂရင်းကဒ်တ်)ကို တရားဝင် ရရှိခဲ့ပါသည်။ (ဝမ်း-သောင်ဇင် တဲလန့်တ် ပလန်န်)ခေါ် အရည်အသွေးပြည့်ဝတဲ့ နိုင်ငံခြားသား လူသစ်စုဆောင်းမှု စီမံချက်အရရော အဓိက ဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရများရဲ့ ထောက်ခံချက်များကြောင့်ပါ တရုတ်နိုင်ငံမှာ အမြဲတမ်း နေထိုင်ခွင့်ကို မေလ(၂၃)ရက်နေ့က နိုင်ငံခြားသား (၁၃၀၆)ဦး ရရှိခဲ့ကြောင်း တရုတ် ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီ စည်းရုံးရေးဌာနရဲ့ ပြောကြားချက်အရ သိရှိရပါသည်။

No comments:

Post a Comment