Tuesday, July 1, 2014

ပိုလီယိုရောဂါဆိုးကြီးရဲ့ အန္တရာယ်မှကာကွယ်ရန် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို)မှ ပြောကြား

ကမ္ဘာပေါ်မှာ ကလေးငယ်များနဲ့ မိဘများကို ခြောက်လှန့်လျက်ရှိတဲ့ ပိုလီယိုရောဂါဆိုးကြီးရဲ့ အန္တရာယ်မှကာကွယ်ရန်အတွက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို)မှ ပြောကြားခဲ့ပါသည်။ ဒီရောဂါဆိုးကြီးဟာ (၁၉၃၇)ခုနှစ်မှာ စတင်ချဉ်းနည်းဝင်ရောက်လာခဲ့ပြီးနောက် ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ခဲ့ပါသည်။ ယနေ့ခေတ်အခါမှာ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုမှာ ပိုလီယိုရောဂါ ကင်းဝေးနေပြီ ဖြစ်ကြောင်း သိရပါသည်။ အခုအခါမှာတော့ ၄င်းကို အတော်အတန် ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ကာကွယ်ရေးထိုးရန်နေရာများ ကျန်ရှိနေသေးကြောင်း သိရပါသည်။ ၄င်းပိုလီယိုရောဂါဟာ ဆီးရီးယားမှ အီရတ်၊ အီရတ်မှ ကင်မရွန်း၊ ကင်မရွန်းမှ အီကွေတိုးရီးယဲလ်-ဂီနီမှ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နိုင်ငံများသို့ ပျံနှံ့ခဲ့ပြီး ယခုအခါမှာ ပါကစ္စတန်နိုင်ငံတွင် ကာကွယ်ဆေးထိုးရန် တာဝန်ထမ်းဆောင်သော ဝန်ထမ်းတစ်ဦးကို သေနတ်သမားများရဲ့ တိုက်ခိုက်ခံခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment