Tuesday, July 1, 2014

ပျောက်ဆုံးနေခဲ့တဲ့ အစ္စရေးဆယ်ကျော်သက် (၃)ဦးရဲ့ ရုပ်အလောင်းများကို အနောက် ဘက်ကမ်းခြေတွင် တွေ့ရှိ

ပျောက်ဆုံးနေခဲ့တဲ့ အစ္စရေးဆယ်ကျော်သက် (၃)ဦးရဲ့ ရုပ်အလောင်းများကို ယခင်လ(၃၀)ရက်နေ့က အနောက်ဘက်ကမ်းခြေတွင် တွေ့ရှိခဲ့ရပြီး အစ္စရေးက ဟားမတ်ဇ်အား အပြစ်ပေးဖို့ပြောကြားလိုက်ပါသည်။ ဒီအရေးကိစ္စမှာ ပါလက်စတိုင်းတို့ကို စွပ်စွဲထားသလို ဝန်ကြီးချုပ်နေတန်ရာဟုကတော့ ယခုဆယ်ကျော်သက်များဟာ သွေးအေးစွာဖမ်းဆီး သတ်ဖြတ်ခြင်းခံရခြင်းဖြစ်ကြောင်း ပြောကြားလိုက်ပါသည်။ စစ်ရေးအာဏာပိုင်များကတော့ ရုပ်အလောင်းများကို (၃၀-၆-၁၄) ရက်နေ့က တွေ့ရှိခဲ့ပြီး အစ္စရေး ဝန်ကြီးချုပ်ကတော့ ဟာမတ်ဇ်များကို ပြန်လည်ပေးဆပ်စေမှာဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုက်ပါသည်။ ဒါ့အပြင် ဝန်ကြီးအဖွဲ့ အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး လက်နက်ကိုင်များကို ရင်ဆိုင်ဖို့ စစ်ရေးလှုပ်ရှားမှု မြှင့်တင်ရန်စီစဉ်ထားကြောင်း သိရပါသည်။ ဆယ်ကျော်သက်များဟာ ယခင်လ(၁၂)ရက်နေ့က စတင်ပျောက်ဆုံးခဲ့ပြီး တာဝန်ရှိသူများရဲ့ ပြောကြားချက်အရ ဆယ်ကျော်သက်များဟာ ဖမ်းဆီးခံခဲ့ရပြီး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်တယ်လို့ သိရှိရပါသည်။

No comments:

Post a Comment